နေပြည်တော် ၂၅ ဖေဖော်ဝါရီ

 

ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဉီးအောင်မင်းသည် JICA Myanmar ရုံးမှ Chief Representative, Mr. Karasawa Masayuki နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၏ ယန်းဘီလီယံ ၈၀၀ ထောက်ပံ့ကူညီရေးအစီအစဉ်ဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်

 

ass2