နေပြည်တော် ၃၀ အောက်တိုဘာ

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဉီးအောင်မင်းသည် ဒိန်းမတ်ပါလီမန်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ Mr. Henrik Thorup Gamst နှင့်အဖွဲ့အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်၊ အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များရှိ ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အရေးပါမှု အခန်းကဏ္ဍများကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)