နေပြည်တော် ၁ အောက်တိုဘာ
ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းသည် လူဇင်ဘတ်နိုင်ငံအခြေစိုက် ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် European Investment Bank (EIB) မှ အာရှပစိဖိတ်ဒေသဆိုင်ရာဌာနမှူး Mrs. Angela Marcarino အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင် အမှတ် (I-3) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် EIB နှင့် မြန်မာနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် မူဘောင်သဘောတူညီချက်ပါကိစ္စ၊ ၎င်းတို့၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားသိရှိနိုင်ပါရန် လာရောက်ရှင်းလင်းဆွေးနွေးခဲ့သည်။
သတင်းစဉ်


