နေပြည်တော် ၂၈ ဇန်နဝါရီ

 

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဉီးဝင်းသိန်းဇော်သည် Eurocham Myanmar အဖွဲ့အား ယနေ့ မွန်းလွဲ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ-ဥရောပ ကုန်သွယ်မှု ပိုမိုတိုးတက်လာရေး၊ ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရေးအတွက် အဓိကထား ဆောင်ရွက်နေမှုများ၊ Eurocham Myanmar အနေဖြင့် ကြုံတွေ့နေရသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများနှင့် မော်တော်ကားတင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်

 

llljh