ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)မှ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၂    ဒီဇင်ဘာ

 

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)မှ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်နေသော အလုပ်သမားများအတွက် တရားဝင်ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်ရာတွင် ကြန့်ကြာနိုင်သော အဆင့်များအား လျှော့ချပေးနိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်ပလုပ်ငန်းခွင်များတွင် အလုပ်သမားများ၏ အမှုပြဿနာများ၊ လုပ်ငန်းခွင်အဆင်မပြေမှုများအား ဖြေရှင်းပေးနိုင်ရန် အကူအညီများ ပေးနိုင်ရေးကိစ္စများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

 (သတင်းစဉ်)