နေပြည်တော်  ၅    ဒီဇင်ဘာ

 

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဉီးကျော်မြင့်သည် မုတ်သုံကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာဉီးသောင်းထွန်း နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တောင်သူလယ်သမားများနှင့်သက်ဆိုင်သော ဥပဒေများပြင်ဆင်ရာတွင် ထည့်သွင်းလိုသော အချက်အလက်များ၊ သိမ်းဆည်းခံလယ်ယာမြေကိစ္စရပ်များ၊ တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲပြဿနာများနှင့် လယ်သမားပြည်သူများ၏ မျှော်လင့်ချက်များအား ကူညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)