နေပြည်တော် ၁၈ ဒီဇင်ဘာ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ဦးဆော်ရယ်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကယားပြည်နယ် လွိုင်ကော်မြို့နယ် မြေနီကုန်းကျေးရွာမှ ရပ်မိရပ်ဖအကျိုးဆောင် တောင်သူကိုယ်စားလှယ်များမှ မိမိတို့၏ သိမ်းဆည်းခံရသော လယ်ယာမြေများ ပြန်လည်ရရှိနိုင်စေရေးနှင့် တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်