နေပြည်တော် ၁၇ ဇူလိုင် 


    
ပြည်သူ့လွှတ်တော်၊ တိုင်ကြားစာနှင့် အသနားခံစာများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် အဖွဲ့ဝင်များသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine SchranerBurgener နှင့်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-11) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


    
တွေ့ဆုံစဉ် ကော်မတီဥက္ကဋ္ဌဦးမြင့်လွင်က ကော်မတီ၏ဖွဲ့စည်းမှုများ၊ တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များနှင့် တိုင်ကြားစာများ၊ အသနားခံစာများကို ကော်မတီအနေဖြင့် တာဝန်ယူဖြေရှင်း ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး Mrs. Christine SchranerBurgener က သိရှိလိုသည်များကိုမေးမြန်း၍ တိုင်ကြားစာများနှင့် စပ်လျဉ်းသည့် အကြံပြုချက်များပေးကာ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 

 

သတင်းစဉ်