နေပြည်တော် ၂၅  ဇန်နဝါရီ 


ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း သည် ILO မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်    Mr.Greg Vines နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံရာတွင် ILO အနေဖြင့် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ နှင့်ပတ်သက်၍ အကူအညီပေးမှု အခြေအနေများ၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းရန် ကြိုးစားသူများအတွက် ကာကွယ်ပေးမှုဆိုင်ရာ ကိစ္စရပ်နှင့် အလုပ်ရှင်၊ အလုပ်သမားများ အငြင်းပွားမှု ပြဿနာများနှင့်ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းနှင့်အညီ ကောင်းမွန်သော အလုပ်သမားရေးရာ ဥပဒေများ ပေါ်ထွက်လာရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေကြမ်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ 


(သတင်းစဉ်)