နေပြည်တော် ၃၀ အောက်တိုဘာ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဉီးခင်မောင်ဝင်းသည် Myanmar Petroleum Operators’ Clubအဖွဲ့အား ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရေနံစူးစမ်းရှာဖွေရေး၊ တူးဖော်စမ်းသပ်ရေး၊ အကောင်အထည်ဖော်ရေး၊ ထုတ်လုပ်ရေးဥပဒေ ဒုတိယမူကြမ်းနှင့်စပ်လျဉ်းသည့် ဥပဒေရေးရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)