နေပြည်တော် ၁ နိုဝင်ဘာ
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Australian Volunteers Program (AVP) အဖွဲ့၏ အရှေ့အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David Sharman Selvidge အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Australian Volunteers Program (AVP) အဖွဲ့အနေဖြင့် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ထိရောက်သော အကူအညီများ ပေးအပ်နိုင်ရေး၊ လွှတ်တော်မျာ းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC)နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခန်းကဏ္ဍမြှင့်တင်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)