နေပြည်တော်  ၈ နိုဝင်ဘာ 
 
 
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် MYPOL Project ၏ EU Consultant Mr. Ian White ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
 
 
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်း‌ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့်  တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ MYPOL မှ ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့  ပြုပြင်ပြောင်းလဲရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ အကူအညီပေးအပ်နေမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
 
 
(သတင်းစဉ်)