နေပြည်တော် ၁၈ ဖေဖော်ဝါရီ
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ ဥက္ကဋ္ဌ Mrs. Renate Kunast နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ - ဂျာမနီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်းအနေဖြင့် မြန်မာလွှတ်တော်များသို့ အကူအညီပေးလျက်ရှိသည့်ကိစ္စ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်သိန်း၊ ဦးခင်အေးနှင့် ကော်မတီအတွင်းရေးမှူးများဖြစ်ကြသည့် ဦးဘိုဘိုဦး၊ ဦးခင်မောင်စိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


