နေပြည်တော်  ၆   ဒီဇင်ဘာ  

 

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Phoenix Association ၏ ဥက္ကဋ္ဌ ဦးသီဟကြိုင် နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် Phoenix Association အနေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေနှင့် စပ်လျဉ်း၍ အရပ်ဖက်အဖွဲ့အစည်းများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဥပဒေပညာရှင်များ၏ သုံးသပ်အကြံပြုချက်များ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း၊ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း၊ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)