နေပြည်တော် ၁၂  ဇွန်  

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ နိုင်ငံသံအမတ်ကြီး Ms. Tone Tinnes အားယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

 

0437

 

ထိုသို့တွေ့ဆုံစဉ် နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏စီးပွားရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာလွှတ်တော်များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအကူအညီပေးနိုင်ရေး၊ ရွေးကောက် ပွဲစနစ် အတွေ့အကြုံမျှဝေနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ 

(သတင်းစဉ်)