ပြည်သူ့လွှတ်တော်မှာ ဧည့်ခံစရိတ် ကျပ်သိန်း (၇၀) ကျော် နေ့စဉ် သုံးစွဲနေတယ်လို့ ပြောနေသူများ လွတ်တော် ဘတ်ဂျက်ရုံးကို လာရောက် မေးမြန်းနိုင်

နေပြည်တော်   ၂၃ ဇန်နဝါရီ 
 
 
လူမှုကွန်ယက် Facebook ပေါ်က “ဒေါ်စုနှင့်ပါတီမှ လျှို့ဝှက်ချက်များ Facebook Page” အကောင့်မှာ ပြည်သူ့လွှတ်တော်ရုံး၏ ဧည့်ခံကျွေးမွေးစရိတ်များအား တစ်ရက်လျှင် ကျပ်သိန်း (၇၀) ကျော်ဖိုး သုံးစွဲနေသည်ဟု ပြည်သူများ အထင်အမြင် လွဲမှားစေရန် ရေးသား ဖော်ပြနေကြောင်း  ပြည်သူ့လွှတ်တော်ရဲ့ လူမှုကွန်ယက်နဲ့ သတင်းဝက်ဆိုက်ကနေ တုံ့ပြန်ထားပါသည်။
 
 
 ပြည်သူ့လွှတ်တော်ရုံး အနေနဲ့  ဧည့်ခံ ကျွေးမွေးစရိတ် ခေါင်းစဉ်အောက်တွင်
 လွှတ်တော်ကိုယ်စားလှယ်များ၏ အစည်းအဝေးကာလ စားစရိတ်များ
 အစည်းအဝေးရပ်နားထားစဉ်ကာလ ကော်မတီဝင် ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရပါက စားစရိတ်များ၊
 ကော်မရှင်အဖွဲ့ဝင်များ၏ စားစရိတ်များ၊
 ကော်မတီအစည်းအဝေး ကျွေးမွေးစရိတ်များ၊
 ပြည်ပမှ လာရောက်ကြသည့် ဧည့်သည်များ၏ ဧည့်ခံကျွေးမွေးစရိတ်များ  ဆိုပြီး ခေါင်းစဉ်ခွဲ ၅ ခု အောက်ကနေ သုံးစွဲရကြောင်း ရှင်းပြထားပါတယ်။ 
 
 
အဲဒီ facebook အကောင့်တွင် ရေးသားဖော်ပြထားခြင်းများသည် နိုင်ငံရေးအရ ဝေဖန်ထိုးနှက်ခြင်း သာဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်အနေဖြင့် (၆) လစာ ဘတ်ဂျက်ကို ဌာနတွင်း စိစစ်ရေးအဖွဲ့ဖြင့် ပဏာမ စစ်ဆေးပြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနသို့ တင်ရပါသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစီးစိစစ်အတည်ပြုချက် ရယူပါတယ်။ အဲဒီနောက် ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြ အတည်ပြုပြီးမှ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ခြင်း စသည်ဖြင့် အဆင့်ဆင့် စိစစ်ရပါသည်။
 
 
အဲဒီနောက် လွှတ်တော်ရောက်ရှိပြီး စိစစ်ရေးအဖွဲ့ (၁၇) ဖွဲ့နှင့် ပြည်သူ့လွှတ်တော်ရုံး ဘတ်ဂျက်ကို အဖွဲ့အမှတ် (၁၆) မှ ရေးရာဆောင် I-4 တွင် ထပ်မံ စိစစ်ရပါသေးတယ်။ 
 
 
Facebook ပေါ်တွင် အဲဒီအကြောင်း ရေးသားသူနှင့် တင်သူ အပါအဝင် အဲဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး မရှင်းလင်းသူများ၊ စိတ်ဝင်စားသူ ပြည်သူများအနေနဲ့  အဖွဲ့အမှတ် (၁၆)၊ ရေးရာဆောင် I-4 တွင် လာရောက်ဆွေးနွေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်လို့ ပြည်သူ့လွတ်တော် ဝက်ဆိုဒ် http://www.pyithu.hluttaw.mm နှင့် ပြည်သူ့လွတ်တော် facebook အကောင့်တွင် ရေးသားထားပါတယ်။
 
 
MDN