နေပြည်တော် ၁၅ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက် မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာကြည်မို့မို့လွင်၊ စဉ့်ကိုင်မဲဆန္ဒနယ်၏မိတ်ဆွေ(၁)ဦး၊ ဦးမျိုးနိုင်၊ ချမ်းအေးသာစံ မဲဆန္ဒနယ်၏ မိတ်ဆွေ(၁)ဦး၊ ဒေါက်တာဆလိုင်းရီယန်းဗဲလ်၊ ဖလမ်းမဲဆန္ဒနယ်၏ မိတ်ဆွေ(၂)ဦး၊ ဒေါက်တာမင်းသိန်း၊ ရေဦးမဲဆန္ဒနယ်၏ မိသားစုဝင် (၂)ဦး၊ ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်၏ မိတ်ဆွေ (၄၄)ဦး၊ ဦးစိုးသူရထွန်း၊ ကွမ်းခြံကုန်းမဲဆန္ဒနယ်၏မဲဆန္ဒရှင်ပြည်သူများ (၅၄)ဦး၊ ရန်ကုန် တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှင့် နိုင်ငံရေးသိပ္ပံဘာသာရပ် မှကထိက ဒေါက်တာနုနုရွှေ ဦးဆောင်သည့် ကြီးကြပ်သူဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၈၅)ဦးနှင့် ပြည်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခဒေါက်တာ တင်မျိုးမျိုးဆွေဦးဆောင် သည့် ကြီးကြပ်သူဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၉၀) ဦး၊စုစုပေါင်း (၂၇၉)ဦး တို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၄၆၆၇၃ ဦးနှင့် ပြည်ပဧည့်သည် ၂၀၆၂ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)