နေပြည်တော် ၅ ဇွန် 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၅) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်၏ မန္တလေးဆေးဝါးနည်းပညာတက္ကသိုလ်မှ ကျောင်းသား  ကျောင်းသူများ (၁၇၃)ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရေတွင်းဖြူအုပ်စု၊ ဆင်နင်းရိုးကျေးရွာမှ ဦးတင်မြင့်ဦးဆောင်သည့် တောင်သူလယ်သမားများ (၁၄)ဦး စုစုပေါင်း (၁၈၇)ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

 

752

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့်နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၅၁၃၂၅ ဦးနှင့် ပြည်ပဧည့်သည် ၂၁၇၄ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်