ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၁၅  ဇူလိုင်  

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ်၏ မိသားစုဝင် (၁)ဦး၊ ဒေါက်တာဝေဖြိုးအောင်၊ သာကေတမဲဆန္ဒနယ်၏ မိတ်ဆွေ(၄)ဦး၊ ဒေါက်တာလှမိုး၊ အောင်မြေသာစံမဲဆန္ဒနယ်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအဖွဲ့ဝင်များ (၅၀)ဦးနှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကထိက ဒေါ်ခင်ဝင်း ဦးဆောင်သည့် ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၅၈)ဦး၊ စုစုပေါင်း(၁၁၃)ဦး တို့သည် ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုကြသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၅၁၇၅၈ ဦးနှင့် ပြည်ပဧည့်သည် ၂၁၈၂ ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)