ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော်  ၂  ဩဂုတ် 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသတ္တမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးနိုင်သောင်းညွန့် မော်လမြိုင်မဲဆန္ဒနယ်၏ မိတ်ဆွေ ၃ဦး၊ ဦးဌေးမင်းသိန်း ကြို့ပင်ကောက်မဲဆန္ဒနယ်၏ မိတ်ဆွေ ၅ ဦး၊ ဒေါက်တာ ဦးစိုးမိုးသူ၊ မြောင်းမြမဲဆန္ဒနယ်၏ မိတ်ဆွေ (၅၆)ဦးနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှု ပညာဌာနမှ ပါမောက္ခ/ ဌာနမှူးဒေါက်တာနုနုလွင် ဦးဆောင်သည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ ၃၂၆ ဦး၊ စုစုပေါင်း ၃၉၀ တို့သည်  ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော် အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်း ဧည့်သည် ၅၃၅၀၈ ဦးနှင့် ပြည်ပဧည့်သည် ၂၂၂၅ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်