ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ၁၆  ဩဂုတ်  
    

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက် မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးတင်စိုး၊ ဖားကန့် မဲဆန္ဒနယ်၏ မိတ်ဆွေ (၂) ဦး၊ ဦးမြင့်ဝေ၊ ဂွမဲဆန္ဒနယ်၏ မိတ်ဆွေ (၃) ဦး၊ ဒေါ်ဖြူဖြူသင်း၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၏ မိတ်ဆွေ (၄၀) ၊ ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ (၅၀)၊ ဦးမျိုးဇော်ဦး၊ လယ်ဝေးမဲဆန္ဒနယ်၏ လယ်ဝေးမြို့၊ ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ ဆရာမ ၊ ကျောင်းသား/ ကျောင်းသူများ (၁၇၁) ဦး၊ မကွေးတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဒေါက်တာခင်ခင်ဌေး ပါမောက္ခ(ဌာနမှူး) ဦးဆောင်သည့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ (၄၇) ဦးနှင့် ဟန်းဆိုက်ဒယ်ဖောင်ဒေးရှင်းမှ စီမံကိန်းမန်နေဂျာ ဒေါ်မေဖုန်းမြင့်၏ မိတ်ဆွေ (၂)ဦး၊ စုစုပေါင်း (၃၁၅) ဦး တို့သည် ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။
    

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင် ကျင်းပသည့် နေ့ရက်မှ ယနေ့ထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည်စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၅၄၆၂၂ ဦးနှင့် ပြည်ပဧည့်သည် ၂၂၅၁ ဦးရှိပြီး  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်သူ့ လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် တို့ထံ လိပ်မူပြီး (၃) ရက်ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။ 


သတင်းစဉ်