နေပြည်တော် ၃၀ ဇန်နဝါရီ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစန်သိန်း၊ မိုးနဲမဲဆန္ဒနယ်၏ မိတ်ဆွေ (၄)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)၏ မိတ်ဆွေ (၇)ဦး၊ မုံရွာတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာဝင်းမင်းအေး ဦးဆောင်သည့် ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၁၃၇)ဦး စုစုပေါင်း(၁၄၈)ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်သူ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ငွေ ဦးဆောင်သည့် ကြီးကြပ်အုပ်ချုပ် သူများအပါအဝင် နယ်စပ်ဒေသမှ တိုင်းရင်းသား/ တိုင်းရင်းသူလေ့လာရေးအဖွဲ့ (၁၈၇)ဦး တို့သည်လည်း လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုကြသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့်ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၄၅၃၃၃ ဦးနှင့် ြပည်ပဧည့်သည် ၂၀၂၁ဦး ရှိပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)