နေပြည်တော် ၃၁ ဇန်နဝါရီ


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသတ္တမနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမြင်‌့ဝေ၊ ဂွမဲဆန္ဒနယ်၏ မိတ်ဆွေ (၃)ဦး၊ ဦးကျင်ဝမ်း၊ ဟိုပန်မဲဆန္ဒနယ်၏ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရတိုင်း၊ ဟိုပန်မြို့၊ “ဝ”စာပေနှင့် ယဉ်ကျေးမှုအသင်းမှ အသင်းသား/အသင်းသူများ (၃၄)ဦးနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အခြေစိုက် ရှေ့မူလကရင်စာပေအသင်း (လိုက်ခွေါင်ကော်)မှ စာပေအကြံပေးနှင်‌့ အတိုင်ပင်ခံ ဦးစောမောင်ကြီး ဦးဆောင်သည့် နာယကဆရာတော် (၆)ပါးအပါအဝင် လေ့လာရေးအဖွဲ့(၅၂)ဦး၊ မုံရွာတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခဒေါက်တာ သင်းသင်းမာ ဦးဆောင်သည့် ဆရာ/ဆရာမနှင်‌့ ကျောင်းသား/ကျောင်းသူများ (၁၀၃)ဦး စုစုပေါင်း (၁၉၂)ဦးတို့သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့်  ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်း မှာ ပြည်တွင်းဧည့်သည် ၄၅၅၂၅ ဦးနှင့် ပြည်ပဧည့်သည် ၂၀၂၁ ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)