နေပြည်တော် ၁၄ ဩဂုတ်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာသံအမတ်ကြီး Mr. Nikoloz Apkhazava အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုမြှင့်တင်နိုင်ရေး၊ မြန်မာ-ဂျော်ဂျီယာ နှစ်နိုင်ငံလွှတ်တော်ချစ်ကြည်ရေးအသင်း တည်ထောင်နိုင်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
သတင်းစဉ်


