ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E. Ms. Andrea Faulknerအား လက်ခံတွေ့ဆုံ

နေပြည်တော်  ၄ ဧပြီ 

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ နိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် သြစတြေးလျ-မြန်မာ နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာကိစ္စ၊ လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းစဉ်တွင် ကော်မတီများ၏ အခန်းကဏ္ဍများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)