နေပြည်တော် ၂၈ ဇန်နဝါရီ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ထိုင်း-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီး ရေးအသင်းဥက္ကဋ္ဌ General Ongard Pongsakdi ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြားလွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်းချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသကူးသန်းရောင်းဝယ်ရေးနှင့် စပ်လျဉ်းသည့်ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ကော်မတီဥက္ကဋ္ဌ များဖြစ်ကြသောဦးအောင်မင်း၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးဇော်သိန်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးခင်အေး၊ ဦးကြည်မိုးနိုင် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)