နေပြည်တော် ၃၀ အောက်တိုဘာ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Johan Cels အား ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကမ္ဘာတစ်ဝန်းလူနေမှုဘဝ လုံခြုံရေး၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် ဒုက္ခသည်များ၊ နိုင်ငံမဲ့များနှင့် အိုးအိမ်စွန့်ခွာနေရသူများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်များတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အလေးထားလုပ်ဆောင်နေမှုများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံး ဝန်ထမ်းများ၏ ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံဖလှယ်ရေးနှင့် အရည်အသွေးမြှင့်တင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပပြုလုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေ ပြုရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)