နေပြည်တော် ၂၉ မေ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး Mrs. DorotheeJanetzke-Wenzel အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များ၊ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များတွင် ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးရေး၊ ဂျာမနီနိုင်ငံ၏ အစီအစဉ်ဖြင့် မြန်မာပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပို့ချပေးခြင်း ကိစ္စရပ်များတွင် ဂျာမနီနိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်