တောင်ဥက္ကလာပ ၂၄    အောက်တိုဘာ   

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် (၁၀)ရပ်ကွက်၊ ဇေယျာ လမ်းရှိ (၁၀)ရပ်ကွက် ဓမ္မာရုံတွင် မြန်မာနိုင်ငံ ဆရာဝန်များအသင်း (ရန်ကုန်တိုင်းဒေသကြီး)နှင့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော   ပြည်သူလူထု ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ အောက်တိုဘာ (၃၀) ရက် စနေနေ့ မွန်းလွဲ ၁ နာရီမှ ညနေ၄ ထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။

 

အဆိုပါ ဟောပြောပွဲတွင် ဒေါက်တာ ဒေါ်ခင်ပြုံးကြည်မှ “အသည်းရောင်အသားဝါ (ဘီ)နှင့်(စီ) ရောဂါအကြောင်းသိကောင်းစရာများကိုဟောပြောခြင်း၊ ပါမောက္ခဒေါက်တာ မာမာကြည်မှ “တီဘီ ရောဂါနှင့် ဆေးယဉ်ပါးတီဘီရောဂါ ကာကွယ်ကုသပါခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊ ဒေါက်တာရဲတင့်လွင် မှ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ခေါင်းစဉ်ဖြင့်ဟောပြောခြင်းနှင့် ဒေါက်တာဝင်းဇော်မှ “ဆီးချို၊ သွေးချို ရောဂါကာကွယ်ပါ ခေါင်းစဉ်ဖြင့်ဟောပြောခြင်းတို့ကို ဆောင်ရွက်မှာ ဖြစ်ပြီး ဟောပြောပွဲသို့လာရောက်သူ မည်သူမဆို အသည်းရောင်အသားဝါ (ဘီ)နှင့်(စီ) ရောဂါစစ်ဆေးပေးခြင်းနှင့် ဆီးချို၊ သွေးချို ရောဂါရှိ၊ မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

ဝင်းထက်ထက်အောင် (ပြန်/ဆက်)