၃ စက်တင်ဘာ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းနှင့်ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်စေရန်နှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှု ရှိစေရန်အတွက် ဘဏ်များအပေါ် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း စက်တင်ဘာ ၂ ရက်နေ့က ဗဟိုဘဏ်မှ သတင်းထုတ်ပြန်ထားသည်။
ဗဟိုဘဏ်ဒုတိယဥက္ကဌအနေဖြင့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၇ ရက် ဒုတိယအကြိမ် ပြည်သူလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့သည့်အချက်သည် ဗဟိုဘဏ်၏ ရပ်တည်ချက်နှင့် ပြည့်ဝစွာကိုက်ညီမှုမရှိပါ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိ ဘဏ်လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းရှင်များကြား ညှိနှိုင်းတွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍လည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဗဟိုဘဏ်၏ သဘောသဘာဝအရ ဘဏ်များ၏ နောက်ဆုံးအားထားရာ Lender of Last Resort ဘဏ်များ၏ လိုအပ်ချက်များရှိခဲ့လျှင် ပြည့်ဝစွာ ကူညီထောက်ပံ့သွားမည်ဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မရှိကြစေရန် အသိပေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
MDN


