မူဆယ် ၂၅ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ပြည်သူလူထုများ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မူဆယ်မြို့၊ (OHC)စီမံကိန်းမန်နေဂျာ ဦးမျိုးအောင်က နှာခေါင်းစည်း စုစုပေါင်း (၅)ထောင်ကို ပေးအပ်လှူဒါန်းပြီး မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့်က လက်ခံသည်။
မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာခြင်းမရှိစေရန်အတွက် ကြိုတင်ကာကွယ်မှုများကို ဌာန ဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုများထံ၌လည်း နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
အလားတူ မူဆယ်မြို့၊ နယ်စပ်ဒေသ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီ-ကျယ်ဂေါင် တာဝန်ရှိတို့က နှစ်နိုင်ငံ၊ နယ်စပ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ခြင်းနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို အရှိန်အဟုန်မပျက် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


