ခန္တီး ၇ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝနကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်ပေးနေမှုများဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ခန္တီးမြို့ အ.ထ.က ကျောင်း ကျန်စစ်သားခန်းမတွင် ကျင်းပသည်။
ပြည်သူကိုဗဟိုပြုသော အစိုးရနှင့်ပြည်သူများ၏ အရေးကိစ္စများအတွက် အရေးပေါ် ဆောင်ရွက်ရသော အခြေအနေများ ချက်ချင်း အလျင်အမြန် ဆောင်ရွက်ရသောကိစ္စများမှာ ဌာနဆိုင်ရာများ အရပ်ဖက် အဖွဲ့အစည်းများ အနေနဲ့ နားလည်မှု၊ စည်းလုံးညီညွတ်မှု၊ အပြုသဘောဆောင်မှု၊ ပူးပေါင်းဆောင်ရွက်မှုများနဲ့ ဆောင်ရွက်မှသာ လူထုအတွက်ထိရောက်တဲ့ ပံ့ပိုးကူညီ ဆောင်ရွက်မှုများကို ပေးနိုင်မည်ဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုး က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်သန္တာထွေး က အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်ရခြင်း၏ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါ ဆွေးနွေပွဲသို့ နာဂ၊ ချင်းနှင့် ရှမ်းတိုင်းရင်းသားများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုအသင်းအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချန်လော (ခန္တီး)


