ပွင့်ဖြူ ၁၅ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Covid – 19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်(Online Page)မှ တစ်ဆင့် ကျန်းမာရေးကဏ္ဍအသိပညာပေး ဆွေးနွေးဟောပြောခြင်း အစီအစဉ်အား အောက်တိုဘာ ၁၄ ရက်၊ ညနေ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အွန်းလိုင်းစနစ်ဖြင့် ကျန်းမာရေးကဏ္ဍအသိပညာပေး ဆွေးနွေးဟောပြောခြင်းအစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က ၂၀၂၀ ပြည့်နှစ်၊ ဇွန်လထုတ် ဇီဝကမဂ္ဂဇင်းစာအုပ်တွင် ပါရှိသော ဒေါက်တာ ရှင်းသန့်ဖြူ ရေးသားသည့် သွားတိုက်ခြင်းနှင့် ကျန်းမာရေးသိမှတ်ဖွယ်ရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးကဏ္ဍအသိပညာပေး ဆွေးနွေးဟောပြောခြင်းအစီအစဉ်ကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


