နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၉) ရက်
=======================
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၈-၇-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁:၂၀)နာရီ အချိန်တွင် ထုတ်ပြန်သော သတင်းအချက်အလက်များအရ -

 

• တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း (၁၆,၃၄၁,၉၂၀) ဦးနှင့် သေဆုံးသူဦးရေ စုစုပေါင်း (၆၅၀,၈၀၅) ဦး ရှိပါသည်။

 

ဤကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ဖြစ်ပွားသေဆုံးမှုများ ဆက်လက်များပြားလျက် ရှိသောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှု (လုံးဝ) မရှိဘဲ အောက်ပါအချက်များကို ဆက်လက် လိုက်နာကျင့်သုံးပါက မြန်မာနိုင်ငံ၌ COVID-19 ကူးစက်မှုဒုတိယလှိုင်းဖြစ်ရန် အလားအလာ အလွန်နည်းပါမည်။

 

(က) တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။

 

(ခ) တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပါရန်။ ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြပါရန်။

 

(ဂ) အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့်နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။

 

(ဃ) လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြပါရန်။

 

ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

#Ministry_of_Health_and_Sports#UnionMinisters_Message#MoHS#COVID19#ကိုရိုနာဗိုင်းရပ်စ်

m1m2