နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၃၁) ရက်

 

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၃၀-၈-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇:၃၀) နာရီ အချိန်တွင် ထုတ်ပြန်သော သတင်းအချက်အလက်များအရ -

 

• တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း (၂၄,၈၅၄,၁၄၀) ဦးနှင့် သေဆုံးသူဦးရေ စုစုပေါင်း (၈၃၈,၉၂၄) ဦး ရှိပါသည်။

 

ဤကဲ့သို့ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ဖြစ်ပွားသေဆုံးမှုများ ဆက်လက်များပြားလျက် ရှိသောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှု (လုံးဝ) မရှိဘဲ အောက်ပါအချက်များကို ဆက်လက် လိုက်နာကျင့်သုံးပါက COVID-19 ကူးစက်မှုမှကာကွယ်နိုင်မည် ဖြစ်ပါသည်။

 

(က) တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။

(ခ) တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြပါရန်။ ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြပါရန်။

(ဂ) (လိုအပ်၍) အပြင်ထွက်ပါက၊ လူစုလူဝေးရှိသည့်နေရာများသို့သွားပါက သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်။

(ဃ) လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောကြပါရန်။

ပြည်ထောင်စုဝန်ကြီး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန