အမှတ်စဉ် (၁၁/ ၂၀၂၀/ ပြည်သူ့ကျန်းမာရေး)

ရက်စွဲ၊ ၇-၈-၂၀၂၀

"မြန်မာနိုင်ငံတွင် တီဘီ/ ဆေးယဉ်ပါးတီဘီရောဂါဖော်ထုတ်နိုင်ရန် ဓာတ်ခွဲစစ်ဆေးမှု စွမ်းဆောင်ရည်မြှင့်တင်လျက်ရှိခြင်း"

• တီဘီနှင့် ဆေးယဉ်ပါးတီဘီရောဂါရှိ/ မရှိအား အချိန် (၂) နာရီအတွင်း စစ်ဆေးအဖြေထုတ်ပေး နိုင်သည့် GeneXpert စက်အရေအတွက်သည် (၂၀၁၅) ခုနှစ်အကုန်တွင် (၆၆) လုံးရှိခဲ့ရာမှ လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း (၁၀၄) လုံးအထိ တိုးချဲ့တပ်ဆင်နိုင်ခဲ့ ပါသည်။

GeneXpert စက်တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၂၅,၀၀၀) ရှိပါသည်။

• ဇီဝလုံခြုံမှုအဆင့်-၃ [Bio-safety Level-3 (BSL-3)] တီဘီဓါတ်ခွဲခန်းများအနေဖြင့် (၂၀၁၆) ခုနှစ် ၌ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စုစုပေါင်း (၂) ခုသာရှိခဲ့ရာမှ -

• (၈-၂-၂၀၁၇) နေ့တွင် တောင်ကြီးမြို့၌ လည်းကောင်း၊

• (၂၄-၃-၂၀၁၈) နေ့တွင် ရန်ကုန်မြို့၌ လည်းကောင်း၊

• (၁၉-၆-၂၀၂၀) နေ့တွင် မော်လမြိုင်မြို့၌လည်းကောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့်  တီဘီ/ ဆေးယဉ်ပါးတီဘီရောဂါကို ပိုမိုရှာဖွေကုသနိုင်ရေးအတွက် များစွာအထောက်အကူ ပြုလျက်ရှိ ပါသည်။

#Ministry_of_Health_and_Sports, #MoHS, #Health_Information_for_Public, #ပြည်သူများအတွက်ကျန်းမာရေးသတင်းအချက်အလက်