တောင်သာ ၂၈ ဇန်နဝါရီ
စက်မှုဝန်ကြီးဌာန အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)နှင့်မန္တလေးလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်း မြင်းခြံခရိုင်လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်း အမှတ်စဉ် (၈၈) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက တောင်သာမြို့မဟာပဏိတ ဓမ္မရိပ်သာကျောင်းတိုက်အတွင်း ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)မှ ကျောင်းအုပ်ကြီး ဦးမျိုးကိုကိုနှင့် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းတို့က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းအောင်က လျှပ်စစ်အခြေခံဘာသာရပ်တွင် ပထမဆုရရှိသူ သင်တန်းသား မောင်အောင်ကိုဖြိုးအား ဆုချီးမြှင့်ခြင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်းမှ ဒုတိယဆု၊ တတိယဆု ရရှိသူ သင်တန်းသား မောင်အောင်မျိုးကျော်နှင့် မောင်အောင်မျိုးခိုင်တို့အား ဆုချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့သည်။
ထို့နောက် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းအမှတ်စဉ်(၈၈) သင်တန်းဆင်းပွဲတွင် သင်တန်းသားများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းဆင်း စွမ်းရည်ပြသမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)