ခန္တီး ၂၆  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ပြည်သူများအနေဖြင့် မိမိနေအိမ်မှ အပြင်ထွက်တိုင်း ပါးစပ်၊ နှားခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်သွားလာကြရန်နှင့် လိုက်နာခြင်းမရှိပါက မြို့နယ်တရားရုံးတွင် ဒဏ်ငွေကျပ် ၃၀၀၀ ပေးဆောင်စေခြင်းနှင့် ပါးစပ်၊ နှားခေါင်းစည်း တပ်ဆင်ပေးလျက်ရှိကြောင်း ခန္တီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းကို ခန္တီးမြို့ကမ်းနားလမ်း အာရှအထည်ဆိုင်လမ်းဆုံ၊ ဗိုလ်ချုပ်ကြေးရုပ် လမ်းဆုံနှင့် ဇီးဖြူကုန်းရပ်ကွက် လဝကရုံးရှေ့လမ်းဆုံနေရာတို့တွင် စောင့်ကြည့်ဂိတ် သုံးနေရာထားရှိကာ နေ့စဉ် နံနက် ၉ နာရီမှ ၁၁ နာရီ နှင့် ညနေ ၃ နာရီမှ ၆ နာရီထိ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စနေမောင်(ခန္တီး)