ဖောင်းပြင် ၂၉  ဇူလိုင် 


ပြည်သူများ ကျန်းမာရေးအသိပညာ ဗဟုသုတများရရှိစေရန်နှင့် ခြင်များမှတစ်ဆင့် ဖြစ်ပေါ်စေတတ်သော ရောဂါများမှ ကင်းဝေးစေရန် ဖုံးသွန်လဲစစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်မာရေးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့က ဇူလိုင်လ ၂၇ရက် နံနက်ပိုင်းတွင်ရွှေတောင်(အပေါ်လမ်း) ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း ဖောင်းပြင်မြို့နယ်ပြန်ဆက်မှ သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် နေအိမ်များရှိ သုံးရေကန်များတွင် အဘိတ်ဆေးများခတ်ပေးပြီး အသုံးမပြုသော ရေပုံးများနှင့် စွန့်ပစ်တာယာကွင်းများ၊ ဘုရားပန်းအိုးများ၊ အခြားရေဝပ်ကျန်နေ တတ်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများရှိ၊ မရှိ စစ်ဆေးကာ နေအိမ်ပိုင်ရှင်များအား လက်တွေ့ပြသပြီး ခြင်များပေါက်ဖွားနိုင်ခြင်း မရှိစေရေး အသိပညာပေး အနေဖြင့် နေအိမ်ပိုင်ရှင်များကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းများလက်တွေ့ဆောင်ရွက်စေပြီး ခြင်မှတစ်ဆင့်ဖြစ်ပွားစေတတ်သော ရောဂါများအကြောင်းနှင့် ခြင်မှတစ်ဆင့် ဖြစ်ပွားစေတတ်သော ရောဂါများမှ ကင်းဝေးစေရန် ပြုမူနေထိုင်ကြရန်ပညာပေးပြောကြားခဲ့ကြသည်။


"ကျွန်မတို့ ဖောင်းပြင်မြို့နယ်မှာ အများဆုံး ဖြစ်ပွားနေတာက ရာသီတုပ်ကွေးပဲ။ အဲ့ဒီရောဂါတွေက ခြင်ကြောင့်ဖြစ်ရတာ။ ပြီးတော့ခြင်ကြောင့် ငှက်ဖျားရောဂါနဲ့ အခြားနောက်ဆက်တွဲ ကူးစက်ရောဂါတွေ အများကြီး ဖြစ်နိုင်သေးတယ်။ ခြင်က သိပ်ကြောက်ဖို့ကောင်းတယ် ခြင်မပေါက်ဖွားနိုင်အောင် ပိုးလောက်လန်းတွေ မနေနိုင်အောင် အမြဲဂရုစိုက်ကြဖို့လိုမယ်။ ကျန်းမာရေးမကောင်းမှ ဆေးရုံလာပြတာနဲ့စာရင် ကျန်းမာရေးကောင်းအောင် အမြဲဂရုစိုက်နေထိုင်ကြတာက ပိုကောင်းပါတယ်" ဟု မြို့နယ်ဆရာဝန်မကြီး ဒေါက်တာမွန်စိုးရီက ပြောသည်။


MDN