နေပြည်တော် ၂၄  ဖေဖော်ဝါရီ

 

ပြည်သူ့ရေးရာမူဝါဒ (Public Policy)နှင့် အခြေခံလူမှုရေးသုတေသနနည်းစနစ် (Basic Social Research Methodology) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

741

 

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က  ယနေ့ပို့ချမည့်  ပြည်သူ့ရေးရာမူဝါဒ  (Public Policy) နှင့် အခြေခံလူမှုရေး သုတေသနနည်းစနစ် (Basic Social Research Methodology) တို့သည် ရာထူးအဆင့် အသီးသီးတွင် တာဝန်ထမ်း‌‌ဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအတွက် အများပြည်သူ နှင့်သက်ဆိုင်သည့် မူဝါဒများချမှတ်ရာတွင် အလွန် အရေးကြီးပါကြောင်း၊  မူဝါဒဟု ဆိုရာတွင် ဆောင်ရန်၊ ရှောင်ရန်ကိစ္စရပ်များ ပါဝင်ပါကြောင်း၊ မူဝါဒ မှန်ကန်စေရန်အတွက် နည်းစနစ်မှန်ကန်စွာဖြင့် သုတေသန လုပ်ကိုင်တတ်ရန်အရေးကြီးပါကြောင်း၊ သုတေသနမှ ရရှိလာသည့် ရလာဒ်များကို သုံးသပ်ပြီး ကာလဒေသအခြေအ‌နေ အချိန်အခါနှင့် သင့်လျော်ကိုက်ညီပြီး မှန်ကန်ကောင်းမွန်သည့် မူဝါဒများကို ချမှတ်ရပါကြောင်း၊ ထိုကြောင့် သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့်  ယခုသင်တန်းကို စိတ်ပါဝင်စားစွာဖြင့် တက်‌ရောက် သင်ယူပြီး သင်တန်းမှ ရရှိရလာမည့် အဖိုးတန် အသိပညာ၊ ဗဟုသုတများကို ဌာနအတွက်၊ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ထိထိရောက်ရောက် အသုံးချပြီး သင်တန်း တက်ရောက်ခွင့် မရရှိသည့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ထပ်ဆင့် မျှဝေစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ The Asia Foundation မှ အထူးစီမံကိန်းများ ယူနစ်မန်နေဂျာ ဒေါ်မီကီကျော်မြင့် က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

520

 

သင်တန်းကို ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးရက်တာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်း သို့ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၃၁ ဦး တက်ရောက်ကြသည်။

 

(သတင်းစဉ်)