ကနီ ၂၈ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဝန်ဆောင်မှု (OSS) လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တအုံအုပ်စု၊ ဘုမ္မဇင်းကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက  ဌာနဆိုင်ရာများစုပေါင်း၍ မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လုပ်ငန်းလိုအပ်ချက် အခက်အခဲများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကျေးရွာများသို့ ကွင်းဆင်းကာ ဝန်ဆောင်မှု ပြုလုပ်ပေးလျက်ရှိပါကြောင်း ပြောကြားပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ကြသည့် ဌာနဆိုင်ရာများက ပြုလုပ်ဆောင်ရွက်ပေးသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

 

a

 

အဆိုပါ ပြည်သူ့ဝန်ဆောင်မှု (OSS) လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လ.ဝ.က၊ ကျန်းမာရေးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာ၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး ကျေးရွာရှိ ဒေသခံပြည်သူ စုစုပေါင်း ၉၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်ဝင်းကြည်(ပြန်/ဆက်)