နေပြည်တော် ၂၇ စက်တင်ဘာ
အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း အမှတ်စဉ်(၃) ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူများအား ပါမောက္ခချုပ်နှင့် ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ကျောင်းအုပ်ကြီး/ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)တို့က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့် ဒီပလိုမာလက်မှတ်များ၊ စံပြကျောင်းသားဆု၊ စာပေထူးချွန်ဆုနှင့် စာပေဂုဏ်ထူးဆုများကို ပေးအပ်ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား (၃၄)ဦး၊ သင်တန်းသူ (၃၃)ဦး စုစုပေါင်း (၆၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ (၂၀)ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


