နေပြည်တော် ၂၇ စက်တင်ဘာ
အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း အမှတ်စဉ်(၃) ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ဝန်ထမ်းရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းဟန်၊ တက္ကသိုလ် အကြံပေးအဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ကျောင်းအုပ်ကြီး၊ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)၊ တက္ကသိုလ်သင်ကြားရေး၊ စီမံဌာနများမှ ပါမောက္ခ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါမောက္ခချုပ် ဦးအောင်တင်စိုးက မိန့်ခွန်းပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို စံပြကျောင်းသားဆု၊ စာပေထူးချွန်ဆုနှင့် စာပေဂုဏ်ထူးဆုများကို ပေးအပ်သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား (၄၀)ဦး၊ သင်တန်းသူ (၂၅)ဦး၊ စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ(၂၀)ပတ် ကြာမြင့်ခဲ့သည်။
သတင်းစဉ်


