နေပြည်တော် ဇူလိုင် ၂
ပြည်ထဲရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေးအထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ပြည်ထဲ ရေးဝန်ကြီးဌာန ဆေးခန်းဖွင့်ပွဲနှင့် ဆေးပဒေသာပင် အလှူငွေ၊ ဆေးခန်းသုံးပစ္စည်းများ ပေး အပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် က ပြည်ထောင်စု ဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ မိမိအစီအစဉ်ဖြင့် ဆေးခန်းငယ်များ ဖွင့်လှစ်ထားရှိပြီး သာမန်ရောဂါများကိုသာ ကုသဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အများစုသည် ပြင်ပ ဆေးရုံ/ ဆေးခန်းများတွင်သာ သွားရောက်ပြသ ကုသမှုခံယူရသဖြင့် တပ်ဖွဲ့ဝင်/ဝန်ထမ်း မိသားစုများ အနေဖြင့် ငွေကုန်ကြေးကျများပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများနှင့် မိသားစု ဝင်များကို ငွေကြေးကုန်ကျမှု သက်သက်သာသာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
ယခုကဲ့သို့ ဆေးခန်းဖွင့်လှစ်နိုင်သည့်အတွက် ရောဂါဖြစ်သူများကို စောစီးစွာစောင့် ရှောက်ကုသမှုပေးနိုင်မည်ဖြစ်ပြီး လိုအပ်ပါက သက်ဆိုင်ရာဆေးရုံများသို့ အချိန်နှင့်တစ်ပြေး ညီ ဆက်လက်လွှဲပြောင်းကုသ ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည့်အတွက် တပ်ဖွဲ့ဝင်များ/ ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် များစွာအဆင် ပြေချောမွေ့စေမည်ဖြစ်ပါကြောင်း။
အထွေထွေရောဂါများကို ထိရောက်စွာ ကုသပေးနိုင်ရန်အတွက် ဆရာဝန် ၆ ဦး၊ သူနာ ပြု ၄ ဦးတို့မှ တာဝန်ယူကုသ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆေးခန်းအတွက် ပရိ ဘောဂပစ္စည်းများ ဆေးခန်းသုံး ကိရိယာများနှင့် လိုအပ်သော ဆေးဝါးများကိုလည်း ပြည့်စုံစွာ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ထို့ပြင် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုအတွက် ဆရာဝန်နှင့် သားဖွားဆရာမများ စီစဉ်ထားရှိပေးထားပြီဖြစ်၍ ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက် အဆင်ပြေချောမွေ့စွာ သက်သက်သာသာဖြင့် စောင့်ရှောက်ကုသ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆေးခန်းအတွက် လိုအပ်မည့် ဆေးဝါးများနှင့်ပတ်သက်၍လည်း စဉ်ဆက်မပျက် ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံကြီးများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးထားပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ကုတင်(၅၀)ဆံ့ ရဲဆေးရုံဖွဲ့စည်းပုံကို ၂၀၁၈ ခုနှစ်တွင် ခွင့်ပြုထားပြီး ဖြစ်သော်လည်း ဖွင့်လှစ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် ယခုဖွင့်လှစ်ပေးသော ဆေးခန်းသည် ရဲဆေးရုံဖွင့်လှစ်နိုင်ရေးအတွက် ပထမခြေလှမ်း စတင်လိုက်ခြင်းဖြစ်ပါ ကြောင်း၊ ရဲဆေးရုံ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူ အသီးသီးမှ ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဆေးခန်းအတွက် ဆေးပဒေသာပင် အလှူငွေနှင့် ဆေးခန်းသုံး ပစ္စည်းများကို အလှူရှင်များက လှူဒါန်းကြပြီး ပြည်ထဲရေးဝန်ကြီးဌာန ဆေးခန်းဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းက ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တာဝန်ရှိသူများသည် ဆေးခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
သတင်းစဉ်