နေပြည်တော်၊ ဧပြီ ၁၇
ပြည်ထဲရေးဝန်ကြီးဌာန မိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်းတစ်ရက် ယနေ့နံနက် ၈နာရီခွဲက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား - တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး နှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဇနီးတို့ ဦးဆောင်ကာ ရွှေဝါငါးကြင်း အကောင်ရေ (၃၀၀၀) ကို မင်္ဂလာကန်တော်အတွင်းသို့ ဇီဝိတဒါနအဖြစ် ကုသိုလ်ပြု လွှတ်ပေးကြသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန မိသားစု၏ သက်ကြီးဘိုးဘွားများ ကန်တော့ပွဲအခမ်းအနားကို နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ် (၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ဆက်လက် ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး နှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ အတူနေမိသားစုဝင် အသက် (၈၀) နှစ်နှင့်အထက် အဘိုးအဘွား (၇၉) ဉီးတို့အနက် အခမ်းအနားသို့ တက်ရောက်နိုင်သူ အဘိုး (၈) ဦး၊ အဘွား (၁၀) ဦး စုစုပေါင်းအဘိုးအဘွား (၁၈) ဦးတို့ကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်ကာ မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ နှစ်သစ်ကူး ကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော် ကန်တော့ကြရာ ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အဘွား ဒေါ်ခင်စန်းရီ မှ ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားသည်။
ယနေ့အခမ်းအနားတွင် အသက် (၈၀) နှင့်အထက် အဘိုးအဘွား (၇၉) ဦးတို့ကို ငွေသား အပါအဝင် အသုံးအဆောင်ပစ္စည်းနှင့် ဆေးဝါးပစ္စည်းများကို ဂါရဝပြု လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်