နေပြည်တော် ဇူလိုင် ၂၀

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများဆက်ကပ်လှူဒါန်း လျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ မာန်အောင်ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ တောင်ပေါက်နှီးဘုရားကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရွှေဘုန်းရိပ်ကျောင်းတိုက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာသီရိကျောင်းတိုက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဝိဇာတဗိမာန်မိုးကုတ် ကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက်နှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ဟိုခုံကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ သံဃာရာမစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ အောင်ချမ်းသာ ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ကျောင်းတော်ရာရွှေကျင် ကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ စွယ်တော်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်၊ လားရှိုးမြို့နယ်ရှိ စွန်းလွန်းကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ တိုက်ကြီးပရိယတ္တိ စာသင်တိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်