နေပြည်တော်  ဇွန် ၁၉

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊  ပျဉ်းမနားမြို့နယ်ရှိ သီရိမင်္ဂလာဘုံမြင့် ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ သာသနာ့ရောင်ခြည် ကျောင်းတိုက်သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ရှိ မြို့မရေလည် ကျောင်းတိုက်သို့လည်းကောင်း၊  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အောင်မြေဘုံစံ ကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ လေးမျက်နှာပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်