နေပြည်တော်   ဖေဖော်ဝါရီ   ၂၁

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ဈေးကုန်းကျောင်းတိုက်နှင့် မာန်အောင် ကျောင်းတိုက်တို့သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်ရှိ ဘုရားငါးဆူ စာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဓမ္မမဏ္ဍိုင် ကျောင်းတိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ဆုထူးပန်စာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်ရှိ မြို့လယ်မင်္ဂလာရုံ ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်

mdn