နေပြည်တော် မေ ၂၅
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ဈေးကုန်း ကျောင်းတိုက်နှင့် သုခဝိဟာရ(သရက်ကုန်း) ပရိယတ္တိစာသင်တိုက်တို့သို့လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ကန်ဦးဇေတဝန်စာသင်တိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေ မြို့နယ်ရှိ ဗုဒ္ဓေါမော်ကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်ရှိ ပရိယတ္တိသဒ္ဓမ္မပါလ စာသင်တိုက်(ဆိုင်မိန်းကျောင်း)သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော် များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)