နေပြည်တော် အောက်တိုဘာ ၂၃

 

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ သာသနာ့ပါလ (မြိတ်) ကျောင်းတိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ မိုဃ်းကောင်း ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ အနန္တမေတ္တာကျောင်းတိုက်၊ ဗိုလ်တထောင်မြို့နယ်ရှိ မွန်ပရိယတ္တိကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်ရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ ရတနာပုံအကျော် ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သစ္စာဝေစည်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အရှေ့အလယ်ကိုင်း ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ နန္ဒာရာမ ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စစ်ကိုင်းစာသင်ကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ ဗုဒ္ဓတက္ကသိုလ် ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ တာပုံကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn